အောင်လ Vs ခါဘစ် ပွဲ တကယ် ဖြစ်လာ နိုင်လား
မနေ့ညက One Championship ပြိုင်ပွဲမှာ အောင်လကတော့ စိန်ခေါ်သူ လည်းဖြစ်၊ သူ့ထက် ဝိတ်တန်း နှစ်ခုလည်း မြင့်တဲ့ ဗီရာကို ဒိုင်ပွဲရပ်နဲ့ ပြတ်ပြတ်သားသား အနိုင်ထိုးသတ် ခဲ့ပါတယ် ဒီပွဲပြီးနောက် အောင်လ လည်း ONE မှာ အမြင့်ဆုံးနဲ့ အအောင်မြင်ဆုံး ဖိုက်တာ တစ်ယာက် ဖြစ်လာပြီး ONE မှာတော့ ပြိုင်ဘက် ကင်းသွားပြီလို့ ဆိုနိုင်တယ် ONE Championship ပြိုင်ပွဲဟာ စတင် ကျင်းပခဲ့တာ မကြာသေး တဲ့အပြင် အာရှဘက်မှာပဲ လူကြိုက်များပြီး အနောက်တိုင်း နာမည်ကြီး MMA ပြိုင်ပွဲဖြစ်တဲ့ UFC ပြိုင်ပွဲနဲ့တော့ အဆင့်အတန်းချင်း ကွာနေပါသေးတယ် ဘယ်လိုပဲ ဖြစ်ဖြစ် ONE ဟာ အချိန်တိုအတွင်း အာရှကို လွှမ်းမိုးလာတဲ့နောက် UFC ကို ပခုံးချင်း ယှဉ်နိုင်ဖို့ ခြေလှမ်းတွေ ခပ်သွက်သွက် လှမ်းလာခဲ့ပါတယ်။ ဒီခြေလှမ်းတွေမှာ အရေးပါတာကတော့ အာရှပရိတ်သတ် အများစုကို ပိုင်ဆိုင်ထားတဲ့အောင်လပါ ခုချိန်မှာဆိုရင် ONE မှာ အကျော်ကြားဆုံးနဲ့ ပြိုင်ဘက်ကင်း အောင်လကို အခြေပြုပြီး ONE တာဝန် ရှိသူတွေအနေနဲ့ UFC နဲ့ နီးကပ်အောင် လုပ်လို့ရတဲ့ အခွင့်အရေးတစ်ရပ် ရှိလာပါတယ် ဒါကတော့ အောင်လလိုပဲ UFC မှာ ပွဲအဆူဆုံး နာမည်ကြီး ဖိုက်တာ ခါဘစ်နဲ့ အောင်လတို့ကို သံဆန်ခါကွင်းထဲမှာ မျက်နှာချင်း ဆိုင်ပေးတာမျိုးပါ။ ဒီပွဲ ဖြစ်ဖို့အတွက် တစ်ခုထဲသော အခက်အခဲကတော့ ဖိုက်တာနှစ်ယောက်ရဲ့ ဝိတ်တန်းပါပဲ အောင်လက Middleweight ဖြစ်ြ့ပီး ခါဘစ်က Lightweight ဖြစ်နေလို့ပါ။ အရပ်ကလည်း အောင်လ (၃)လက်မ မြင့်ပါတယ် ONE နဲ့ UFC ဘက်က ဝိတ်တူတဲ့ ဖိုက်တာ နှစ်ယောက်ကို ပွဲတည်လို့ရပေမယ့် ကျော်ကြားမှုအပိုင်းမှာ အောင်လနဲ့ ခါဘစ်ပွဲကို မှီမှာမဟုတ်သလို ငွေကြေးအမြတ်အစွန်းပိုင်းပါ ကွာသွားပါမယ်။ ဒါကြောင့် ဝိတ်တန်း ကွာပေမယ့် အောင်လနဲ့ ဗီရာပွဲလို ဝိတ်တန်း ညှိထိုးရင်တော့ ရနိုင်ချေ ရှိပါတယ် အောင်လက (၈၃) ကီလို ဖြစ်ပြီး ခါဘစ်က (၇၀) ကီလို ဖြစ်တာကြောင့် နှစ်ယောက်လုံး (၇၆) ကီလို ကီလိုလောက် ညှိထိုးလို့ မရစရာ မရှိပါဘူး။ ဒီကီလိုတန်းမျိုးကို ခါဘစ် ထိုးခဲ့ဘူးပါတယ်။ ဒါ့အပြင် ဒီပွဲက MMA ဖိုက်တာ အချင်းချင်း ထိုးမယ့် ပွဲပါ အရင်က ဘောက်ဆင်သမား မေဝဲသာနဲ့ MMA သမား မက်ဂရီပေါ်လို မတူညီတဲ့ နယ်ပယ်က ဖိုက်တာနှစ်ယောက်တောင် ပွဲဖြစ်ခဲ့သေးပဲ။ ဒါ့အပြင် မေဝဲသာနဲ့ ဂျပန်က ဘောက်ဆင် သမားလည်း ကြိုးဝိုင်းထဲမှာ ရင်ဆိုင်ခဲ့ဘူးတယ် အဓိကက စပွန်ဆာနဲ့ ငွေပါပဲ။ဒီနှစ်ခုလုံးက ONE ရော UFC မှာပါ အလျှံအပယ် ရှိနေပါတယ်။ ဒါကြောင့် အောင်လနဲ့ခါဘစ်ပွဲ ဖြစ်လာနိုင်ခြေ အများကြီး ရှိနေပါတယ် တကယ်လို့ ဒီပွဲ ဖြစ်လာခဲ့ရင်တော့ ONE ရဲ့ ဂုဏ်သိက္ခာကို UFC နဲ့ ရင်ပေါင်တန်းမယ့် အကောင်းဆုံးပွဲ ဖြစ်လာနိုင်သလို အရှေ့တိုင်းနဲ့ အနောက်တိုင်းက ဖန်တွေ သန်းချီပိုင်ဆိုင်ထားတဲ့ ဖိုက်တာ နှစ်ယောက်ပွဲဖြစ်လို့ ငွေကြေးအရပါ အကြီးအကျယ် အောင်မြင်မယ့်ပွဲ ဖြစ်လာမှာဆိုတော့ ONE ရော UFC ရော ဒီလိုအခွင့်အရေးကို လိုချင်ကြမှာပါ
0 Comments
မြမြရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သွားမယ့် နောက်ထပ် မင်းသားတစ်ယောက်ကေတာ့ ထွက်ပေါ် လာခဲ့ပါပြီ။ ပထမဆုံး ကြေညာထားတဲ့ ဒီးဒီး အပြင် နောက်ထပ် ထွက်ပေါ်လာတဲ့ မင်းသားကတော့ ဖြိုးမြတ်အောင်ပါ။
ဖြိုး မြတ် အောင် ကတော့ Myanmar Idol Season 3 ရဲ့ winner ပါ။မြမြ ဇာတ်ကားအတွက် နောက်ထပ် မင်းသား ဟာ ဖြိုး မြတ် အောင် ဖြစ်လိမ့်မယ်လို့ ပရိသတ်တွေ လုံးဝ မျှော်လင့် မထားခဲ့ပါဘူး။ ဒီဇာတ်ကားမှာ ရွေးချယ်လိုက်တဲ့ သရုပ်ဆောင်တွေ က ပရိသတ်တွေ မျှော်လင့်မထားတဲ့ သရုပ်ဆောင်တွေ ပါ။ အရင်ဆုံး မြမြ နေရာမှာ သရုပ်ဆောင်မယ့် မင်းသမီးဟာ သင်ဇာဝင့်ကျော်လို့ ကြေညာခဲ့ချိန်မှာလည်း အားလုံးက အံ့သြ သင့်ခဲ့ရပါတယ်။ နောက်တစ်ခါ ထပ်ပြီး မင်းသားက ဒီးဒီး လို့ ကြေညာလိုက်ပြန်တော့လည်း ပရိသတ်တွေ မယုံ နိုင် ဖြစ်ခဲ့ရပါတယ်။ ဖြိုးမြတ်အောင်က မြမြ ရုပ်ရှင်ဇာတ်ကား အတွက် နောက်ထပ် မင်းသား တစ်လက် ဆိုတာကိုတော့ မြမြ ဆိုတဲ့ Fb မှာ အခုလို ကြေညာထားပါတယ်။ စွဲမက်လောက်ဖွယ် ခန္ဓာကိုယ်နဲ့ ပရိသတ်ကို အအိပ်ပျက်စေခဲ့တဲ့ မော်ဒယ်မလေး “မင်းသားကိုတရားဝင်ကြေငြာပြီးပြီဖြစ်တဲ့အတွက် လာမယ့် ၂၉.၉.၂၀၁၉ ရက်နေ့မှာထွက်ရှိမယ့် ဖြိုးမြတ်အောင်ရဲ့ သင့်အတွက်မနက်ဖြန် Album ကို မြမြမှလည်းပါဝင်အားဖြည့်ဝန်းရံပေးလိုက်ပါတယ်၊ သင့်အတွက်မနက်ဖြန် အောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိုင်ပါစေ………………” ဆိုပြီး မြမြ ဆိုတဲ့ Fb စာမျက်နှာ ပေါ်မှာ တရားဝင် ကြေညာထားပါတယ်။ မြမြ ဆိုတဲ့ မိန်းကလေးရဲ့ အကြောင်းကတော့ Fb မှာ တော်တော် လေး နာမည်ကြီးခဲ့တာပါ။ တောင်ဒဂုံ လိုင်စင်ရုံးနားမှာဖြစ်သွားခဲ့တာပါ။ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မိန်း ကေ လး တစ်ယောက်ကို မြမြဆိုတဲ့ သရဲဝင်ပူးခဲ့တာပါ။ မြမြက သူမဟာ အသတ်ခံခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့ အကြောင်းကို အမှု မှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ ပြောခဲ့တာပါ။အဲ့ဒီမိန်းကလေးကို သရဲဝင်ပူးတဲ့ ဗီဒီယိုဖိုင်ကတော့ အွန်လိုင်းပေါ်မှာ တော်တော် လေး နာမည်ကြီးခဲ့ပါတယ်။မြမြရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကူးရေးတွေကိုတော့ (၁၀) လပိုင်းလောက်စပြီး လုပ်ဆောင် တော့မှာပါ။ လက်ရှိအချိန်မှာ ပရိသတ်အများစုစိတ်ဝင်စားနေတဲ့ သီချင်းအဆိုပြိုင်ပွဲကတော့ Myanmar Idol ဖြစ်ပါတယ်။
Myanmar Idol ဟာအခုဆိုရင် Season 4 ကိုတောင်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ပဏာမအသံစစ်ဆေးပွဲကျင်းပနေတာဖြစ်ပေမဲ့ ထူးချွန်လွန်းတဲ့ ပြိုင်ပွဲဝင်တွေကိုတွေ့နေရပြီဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကလည်းအမြင့်ဆုံးလို့ဆိုရမှာပါ။ ဒီတစ်နှစ်မှာတော့ ထူးခြားတဲ့ပြိုင်ပွဲဝင်တစ်ဦးကြောင့်ပရိသတ်အားပေးစောင့်ကြည့်မှုရတိုးလာပြန်ပါပြီ။ အဲ့ဒါကတော့ အနေနဲ့မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်ဖူးခဲ့တဲ့အလှမယ် ခြူးစစ်ဟန်ကတော့ Season 4 မှာပါဝင်ယှဉ်ပြိုင်လာတာကြောင့်ပါ။ခြူးစစ်ဟန်ကတော့ Miss Face of Beauty Myanmar 2015 ဖြစ်သလို မော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် နာမည်ရပြီးသားလူတစ်ယောက်လို့ဆိုရမှာပါ။ သူကတော့ အိုင်းရင်းဇင်မာမြင့်ရဲ့ “ပြည်လှည့်မကြည့်ဘူး” သီချင်းနဲ့ဒိုင်တွေအရှေ့မှာအကောင်းဆုံးသီဆိုပြခဲ့ပြီး Golden Ticket ကိုရရှိခဲ့ပါတယ်။ ခြူးစစ်ဟန်ဟာ နာမည်ရပြီးသားလူတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်အခိုင်အမာရရှိပြီးသားလို့လည်းဆိုရမှာပါ။ ဒီပွဲကိုပါဝင်လာတာကြောင့် ဝေဖန်တဲ့သူတွေရှိသလို အားပေးတဲ့ပရိသတ်ကတော့ တော်တော်လေးကိုများပါတယ်။ အလှမယ်ခြူးစစ်ဟန်တစ်ယောက်ဟာ မော်ဒယ်၊မင်းသမီးတစ်ယောက်အနေနဲ့ပရိသတ်လက်ခံထားသလို အဆိုပိုင်းမှာပါရမီဘယ်လောက်ပါသလဲ ဘယ်ဆင့်အထိတက်လှမ်းနိုင်မလဲ ဆိုတာ တကယ့်ကိုရင်ခုန်စရာပါပဲနော်….။ |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|