Myanmar Latest Movie https://movie-myanmar.blogspot.com/
အောက်တိုဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ One Championship ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ အဓိက ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီးဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခု ရရှိထားတဲ့ အောင်လအန်ဆန်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ပွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ အောင်လအန်ဆန်းဟာ ၂ ချီနဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ One Championship မှာ Burmese Python အဖြစ်နဲ့ နာမည်ကြီးနေတဲ့ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံက ကချင်လူမျိုးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသလို၊ မြန်မာတစ်နိုင်ငံလုံးကလည်း သူကို ချစ်မြတ်နိုးကြပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ ကြွေးကြော်နိုင်အောင်လည်း စွမ်းဆောင်ထားသူဖြစ်ပါတယ်။ သူ့မှာ သက်ထက်ဆုံး ချစ်ရတဲ့ ဇနီးနဲ့ သားလေး တစ်ဦးရှိပါတယ်။ မနေ့ညက သူ့အတွက် အကောင်းဆုံနဲ့ အပျော်ရွှင်ရဆုံး အချိန်ဖြစ်ပါလိမ့်မယ်။ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သလို၊ နောက်ထပ် ဝမ်းသာစရာ တစ်ခု ရှိခဲ့ပါသေးတယ်။ အဆိုပါ သတင်းလေးကတော့ အောင်လအန်ဆန်းရဲ့ဇနီးမှာ နောက်ထပ် ရင်သွေးလေး လွယ်ထားရတာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ အောင်လအန်ဆန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ Boy or Girl ဆိုပြီး မျှဝေခဲ့ပါတယ်။ မြန်မာဂုဏ်ဆောင်နိုင်တဲ့ အောင်လအန်ဆန်းတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|