Myanmar Latest Movie https://movie-myanmar.blogspot.com/
One Championship ရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ချန်ပီယံလုပွဲကြီးကတော့ ဂျပန်နိုင်ငံမှာ ခန့်ငြားထည်ဝါစွာနဲ့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ထူးထူးခြားခြား ဆိုသလို ဒီပွဲစဉ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တာကြောင့်လည်း အနိုင်ရခဲ့သူ အောင်လအန်ဆန်နဲ့ တကွ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းဟာ မွှေးပျံ့ကြိုင်သင်းနေတော့မှာ အမှန်ပါပဲ။ အနိုင်ရခဲ့သူ အောင်လအန်ဆန်ကတော့ ကမ္ဘာ့အလယ်မှာ MMA ဖိုက်တာ တစ်ယောက်အဖြစ် ကျော်ကြားအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။
သူ့ရဲ့ ဂုဏ်သတင်းကိုတော့ ကမ္ဘာ့မီဒီယာအသီးသီးက ဝိုင်းဝန်းရေးသားနေပြီးတော့ MMA သတင်းဌာနကြီး တစ်ခုဖြစ်တဲ့ BJPENN ကတော့ “ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတစ်ပွဲမှာ အောင်လက ဗီရာ ရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ အိပ်မက်တွေကို တားဆီးပြသွားတယ်” လို့ ထုတ်ဖော်ချီးကျူးရေးသားခဲ့ကြသလို ၊ South China Morning Post သတင်းစာ ကတော့ “ အောင်လ အန်ဆန်း ဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကို ထိန်းထားနိုင်ဖို့ အတွက် ဗီရာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း အနိုင်ယူပြသွားခဲ့တယ်” လို့ ရေးသားခဲ့ပြီး ၊ အောင်လ ကို ကွင်းထဲအထိ လာရောက် ဝန်းရံကြတဲ့ မြန်မာ ပရိသတ်တွေ နဲ့ ဒိုင်က ပွဲရပ်ပြီး အနိုင်ပေးလိုက်တဲ့ အခိုက်အတန့်မှာ သူတို့ရဲ့ အောင်ပွဲခံပုံဟာ အရမ်းကို မာန်ပါနေခဲ့တယ်လို့ အကျယ်တဝင့်ရေးသားဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖီလစ်ပိုင် နာမည်ကြီး သတင်းဟာ PhilStar ကတော့ “ အောင်လ အန်ဆန်း ကို အရှုံးပေးလိုက်ရတဲ့ ဗီရာ” လို့ပဲ ခေါင်းစဉ်ခဲ့ပြီး ၊ အသေးစိတ်တော့ အကျယ်တဝင့် ဖော်ပြခဲ့ခြင်း မရှိကာ ၊ ဗီရာ ဟာ လိုက်ဟဲဗီးဝိတ် ဆု ရဖို့ အောင်လ ကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိဘူးလို့ပဲ ရေးသားဖော်ပြထားပြီးတော့ ၊ အာရှ MMA သတင်းဌာန ကတော့ အောင်လ ဟာ ပွဲစတာ နဲ့ ဗီရာကို စတင် ဖိအားပေးတိုက်ခိုက်တယ်လို့ ရေးသားပြီး ၊ ဗီရာဟာ အောင်လ ကို အလဲတိုက်ဖို့ သူ့ရဲ့ မွေထိုင်း တိုက်ကွက်တွေကို ရံဖန် ရံခါ သုံးလာခဲ့ပြီး ၊ ဒုတိယ အချီအရောက်မှာတော့ လှုပ်ရှားပုံက နှေးကွေးသွားခဲ့ကာ ၊ အောင်လ ရဲ့ တိကျတဲ့ ထိုးချက်တွေ အောက်မှာ အရှုံးပေးလိုက်ရတယ်လို့ ဖော်ပြရေးသားထားတာကို တွေ့ရှိရပါတယ်။ The Sun သတင်းစာ ကတော့ “မြန်မာ့ သူရဲကောင်း အောင်လ အန်ဆန်း ဟာ UFC မှာ တစ်ချိန်က ကျော်ကြားခဲ့ဖူးတဲ့ ဗီရာကို အနိုင်ယူပြလိုက်တယ်” လို့ ရေးသားခဲ့ပြီးတော့ ၊ အောင်လ အန်ဆန်ရဲ့ သတင်းတွေကို ဖော်ပြခဲ့တဲ့ သတင်းဌာနတွေကတော့ Yahoo Sports, ဗီယက်နမ် သတင်းစာတွေ ၊ Fox Sports, ရုရှား သတင်းတွေ ၊ MSN, SHERDOG, စကော့တလန် သတင်းဌာန ၊ B/R စတဲ့ သတင်းဌာနတွေပဲ ဖြစ်ပါတယ်။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|