Myanmar Latest Movie https://movie-myanmar.blogspot.com/
မြမြရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သွားမယ့် နောက်ထပ် မင်းသားတစ်ယောက်ကေတာ့ ထွက်ပေါ် လာခဲ့ပါပြီ။ ပထမဆုံး ကြေညာထားတဲ့ ဒီးဒီး အပြင် နောက်ထပ် ထွက်ပေါ်လာတဲ့ မင်းသားကတော့ ဖြိုးမြတ်အောင်ပါ။
ဖြိုး မြတ် အောင် ကတော့ Myanmar Idol Season 3 ရဲ့ winner ပါ။မြမြ ဇာတ်ကားအတွက် နောက်ထပ် မင်းသား ဟာ ဖြိုး မြတ် အောင် ဖြစ်လိမ့်မယ်လို့ ပရိသတ်တွေ လုံးဝ မျှော်လင့် မထားခဲ့ပါဘူး။ ဒီဇာတ်ကားမှာ ရွေးချယ်လိုက်တဲ့ သရုပ်ဆောင်တွေ က ပရိသတ်တွေ မျှော်လင့်မထားတဲ့ သရုပ်ဆောင်တွေ ပါ။ အရင်ဆုံး မြမြ နေရာမှာ သရုပ်ဆောင်မယ့် မင်းသမီးဟာ သင်ဇာဝင့်ကျော်လို့ ကြေညာခဲ့ချိန်မှာလည်း အားလုံးက အံ့သြ သင့်ခဲ့ရပါတယ်။ နောက်တစ်ခါ ထပ်ပြီး မင်းသားက ဒီးဒီး လို့ ကြေညာလိုက်ပြန်တော့လည်း ပရိသတ်တွေ မယုံ နိုင် ဖြစ်ခဲ့ရပါတယ်။ ဖြိုးမြတ်အောင်က မြမြ ရုပ်ရှင်ဇာတ်ကား အတွက် နောက်ထပ် မင်းသား တစ်လက် ဆိုတာကိုတော့ မြမြ ဆိုတဲ့ Fb မှာ အခုလို ကြေညာထားပါတယ်။ စွဲမက်လောက်ဖွယ် ခန္ဓာကိုယ်နဲ့ ပရိသတ်ကို အအိပ်ပျက်စေခဲ့တဲ့ မော်ဒယ်မလေး “မင်းသားကိုတရားဝင်ကြေငြာပြီးပြီဖြစ်တဲ့အတွက် လာမယ့် ၂၉.၉.၂၀၁၉ ရက်နေ့မှာထွက်ရှိမယ့် ဖြိုးမြတ်အောင်ရဲ့ သင့်အတွက်မနက်ဖြန် Album ကို မြမြမှလည်းပါဝင်အားဖြည့်ဝန်းရံပေးလိုက်ပါတယ်၊ သင့်အတွက်မနက်ဖြန် အောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိုင်ပါစေ………………” ဆိုပြီး မြမြ ဆိုတဲ့ Fb စာမျက်နှာ ပေါ်မှာ တရားဝင် ကြေညာထားပါတယ်။ မြမြ ဆိုတဲ့ မိန်းကလေးရဲ့ အကြောင်းကတော့ Fb မှာ တော်တော် လေး နာမည်ကြီးခဲ့တာပါ။ တောင်ဒဂုံ လိုင်စင်ရုံးနားမှာဖြစ်သွားခဲ့တာပါ။ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မိန်း ကေ လး တစ်ယောက်ကို မြမြဆိုတဲ့ သရဲဝင်ပူးခဲ့တာပါ။ မြမြက သူမဟာ အသတ်ခံခဲ့ရတဲ့ အကြောင်းနဲ့ သူမရဲ့ အကြောင်းကို အမှု မှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့ ပြောခဲ့တာပါ။အဲ့ဒီမိန်းကလေးကို သရဲဝင်ပူးတဲ့ ဗီဒီယိုဖိုင်ကတော့ အွန်လိုင်းပေါ်မှာ တော်တော် လေး နာမည်ကြီးခဲ့ပါတယ်။မြမြရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကူးရေးတွေကိုတော့ (၁၀) လပိုင်းလောက်စပြီး လုပ်ဆောင် တော့မှာပါ။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|