ပရိသတ်တွေကြားမှာ အရမ်းကိုဟော့ဖြစ်ခဲ့တဲ့ သရဲကားတစ်ကားဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယပိုင်းကို ထပ်မံရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်နဲ့ ပထမကားမှာတုန်းက၀ှက်ထားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ရိုက်ကူးပုံဖော်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းတစ်ချို့ကို ပြောပြသွားခဲ့ပါတယ်။ ဒါရိုက်တာ ချာချိုင် ပြောခဲ့တာကတော့ “ လိပ်ပြာစံအိမ်(၂) နဲ့ ပတ်သက်ပြီး အများကြီးတော့ပြောလို့မရဘူး ။ ဒီဇာတ်ကားရဲ့ အကြောင်းလေးက ဒီကာရိုက်တာ နှစ်ခု ဖြစ်တဲ့ ကိုဒေါင်းနဲ့ မကစ်တို့ရဲ့ ကာရိုက်တာနှစ်ခုကြားထဲမှာ ကျွန်မတို့ ဖျောက်ထားခဲ့တဲ့ လင့်လေးကို ချပြသွားမှာဖြစ်တယ် ။ကြောက်ဖို့ကောင်းတာလဲ ဖြစ်နိုင်သလို ပိုပြီးတော့ အသစ်ဆိုတာမျိုးလဲ ဖြစ်နိုင်တယ်။ ပိုပြီးကြောက်ဖို့ကောင်းတာတွေ စိတ်လှုပ်ရှားဖို့ကောင်းတာတွေ ၀မ်းနည်းဖို့ကောင်းတာတွေ ဖြစ်နိုင်တယ်” “ဇာတ်လမ်းကိုခုမှသေသေချာချာလေး တည်ဆောက်နေတုန်းဘဲ ရှိသေးတယ်။ ခဏလေးတော့စောင့်ပါအုံး။ ဒီဇာတ်လမ်းလေးက ခုစောင့်နေရင်းနဲ့ ပြောင်းသွားနိုင်တာလေးရှိတော့ ပြောလို့မရသေးပါဘူး။ ဒီဇာတ်ကားဆိုလဲ ပုံစံလေးက မပြီးသလိုလို ပြီးသလိုလို ပုံစံလေးနဲ့ ပြီးသွားတယ် ဆိုတော့ ဘ၀ကို ကြည့်မယ်ဆိုရင် ပြီးတယ်ဆိုတာမရှိဘဲ ဘ၀ကဆက်ပြီးသွားနေတယ် လုပ်စရာတွေ များနေတယ် ဘယ်တော့မှမပြီးဆုံးသွားဘူး” “ သေသွားတယ်ဆိုရင်တောင်မှ လိပ်ပြာတွေ ၀ိညာဉ်တွေကလဲ ဆက်ပြီးရှင်သန်နေရတာဘဲဆိုတဲ့ idea လေးကို သဘောကြတာကြောင့် အဲ့ဒီ Plan လေးနဲ့ဘဲသွားတာပါ။ နောက်နှစ်နှစ်လည် လောက်မှာရိုက်ကူးနိုင်မယ်။ လာလောဆ ယ်ဇာတ်လမ်းက အကြမ်းဘဲရှိတယ် ။ဒီအကြမ်းကိုလဲ ပြန်တည်ဆောက်ဖို့အတွက် လေ့လာမှုတွေ လုပ်ရဦးမယ်ဆိုတော့ အချိန်တွေထပ်ပြီး လိုအပ်သေးတယ်” လို့လဲ ပြောပြသွားခဲ့ပါတယ်။
0 Comments
ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။
အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။လတ်တလောမှာတော့ နေခြည်ဦးက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို L’Oréal Paris group Executive Vice President (Asia Pacific Zone) – Jochen Zaumseil က Stylenanda ရဲ့ သုံးဆိုင်မြောက် Hongdae flagship opening ကိုတက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ နေခြည်ဦးက ကိုရီးယားရောက်ခိုက် အလုပ်ကိစ္စလည်းလုပ် Shopping လည်း ထွက်ရင်း ပျော်ရွှင်ဖွယ် အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ကိုရီးယားရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ နေခြည်ဦးက ဆိုးလ်မြို့ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်းနဲ့ ပေါ့ပါးလန်းဆန်းစွာ လျှောက်လည်နေတာ အားကျစရာကြီးပါပဲနော်။ ဒါ့အပြင် နေခြည်ဦးက 3CE model , Stylenada models တွေနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ နေခြည်ဦးကတော့ သူမဝါသနာပါတဲ့ အလုပ်တွေကိုလုပ်ရင်း ခရီးတွေ ခဏခဏသွားနေရတာ ပျော်စရာကြီးနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ကိုရီးယားရောက် ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အိန္ဒြာကျော်ဇင် ၊ ၀တ်မှုံရွှေရည်နဲ့ ဖွေးဖွေး တို့ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ထိပ်တန်းမင်းသမီး သုံး ယောက်ပါ။ သုံးယောက်လုံးက သရုပ်ဆောင်ပိုင်းမှာတင် မဟုတ်ပဲ ဖက်ရှင်ပိုင်းမှာပါ အရမ်းကို အမြင်ရှိတဲ့ မင်းသမီးတွေ အဖြစ် သတ်မှတ်ခံထားရသူပါ။
(၃)ယောက်ထဲမှာတော့ အူဝဲက ၀ါအရင့်ဆုံး မင်းသမီးပါ။ဖွေးဖွေး နဲ့ ၀တ်မှုံရွှေရည် ကတော့ ညီအစ်မ ၀မ်းကွဲတွေ ဖြစ်ပြီး လက်ရှိမှာလည်း Top နေရာကို ယူထားသူတွေပါ။သုံးယောက်လုံး ကလည်း အက ယ်ဒမီဆု ရှင် တွေ ပါ။ကိုယ်စီ ပရိသတ်အခိုင်အမာလည်း ရထားသူတွေပါ။ တကယ့်ဒိတ်ဒိတ်ကြဲ သုံးယောက်ကတော့ ပွဲ တစ်ခုမှာ အတူတူ ဆုံဖြစ်ခဲ့ပါတယ်။(၃)ယောက် အတူဆုံတာမျိုးက တော်တော် လေးကို ရှားပါတယ်။(၃)ယောက်အတူတူ ထိုင်ခုံတစ်တန်းမှာ ထိုင်ခဲ့ပြီး အူဝဲကတော့ ရှားရှားပါးပါးလူစုံ တုန်းလေး Live လွှင့် ခဲ့ပါတယ်။သုံးယောက်လုံးကလည်း တစ်ယောက် တမျိုးစီလှပနေ နေခဲ့ကြပါတယ်။အားတီရဲ့ FB မှာ တော့ လူစုံတက်စုံ အတူရိုက်ထားတဲ့ ပုံလေးကို ဝေမျှ ပေးထားပါတယ်။ Live ကတော့ လွှင့်ပြီး (၂)နာရီ အတွင်းမှာကြည့်ရှုသူ (84 K) အထိ တောင်ရှိခဲ့ပါတယ်။ မင်းသမီး(၃)ယောက်ထဲကမှ ဖွေးဖွေးနဲ့ အူဝဲ ရဲ့ ရုပ်ရှင်ကားတွေကတော့ ရုံတင်ပြသနေ ၊ပြသဖို့ ရှိပါတယ်။အူဝဲရဲ့ ရူးအောင် ချစ်မယ့်သူ ဇာတ်ကားကတော့ ရုံတင်ပြသနေပါတယ်။ဒီကားမှာတော့ အူဝဲ၊နေတိုးနဲ့ မေတိုးခိုင်တို့ ပါဝင်ထား ပါတယ်။ဖွေးဖွေးရဲ့ ရုပ်ရှင်ကား အနေနဲ့ဆို ရင်တော့ အောက်တိုဘာ (၁၀)ရက်နေ့ကျရင် ပပ၀တီစီရင်ခန်း ဆိုတဲ့ ရုပ်ရှင်ကား ရုံတင်ပြသဖို့ ရှိပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ထားပြီး ဖွေးဖွေး၊မိုးဟေကို၊ ထွန်းထွန်းနဲ့ အလင်းရောင်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|