အောက်တိုဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ One Championship ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ အဓိက ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီးဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခု ရရှိထားတဲ့ အောင်လအန်ဆန်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် စိန်ခေါ်သူ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ပွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ပွဲမှာ အောင်လအန်ဆန်းဟာ ၂ ချီနဲ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ One Championship မှာ Burmese Python အဖြစ်နဲ့ နာမည်ကြီးနေတဲ့ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံက ကချင်လူမျိုးဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသလို၊ မြန်မာတစ်နိုင်ငံလုံးကလည်း သူကို ချစ်မြတ်နိုးကြပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ ကြွေးကြော်နိုင်အောင်လည်း စွမ်းဆောင်ထားသူဖြစ်ပါတယ်။ သူ့မှာ သက်ထက်ဆုံး ချစ်ရတဲ့ ဇနီးနဲ့ သားလေး တစ်ဦးရှိပါတယ်။ မနေ့ညက သူ့အတွက် အကောင်းဆုံနဲ့ အပျော်ရွှင်ရဆုံး အချိန်ဖြစ်ပါလိမ့်မယ်။ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သလို၊ နောက်ထပ် ဝမ်းသာစရာ တစ်ခု ရှိခဲ့ပါသေးတယ်။ အဆိုပါ သတင်းလေးကတော့ အောင်လအန်ဆန်းရဲ့ဇနီးမှာ နောက်ထပ် ရင်သွေးလေး လွယ်ထားရတာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ အောင်လအန်ဆန်းက သူ့ရဲ့ လူမှုကွန်ယက်မှာ Boy or Girl ဆိုပြီး မျှဝေခဲ့ပါတယ်။ မြန်မာဂုဏ်ဆောင်နိုင်တဲ့ အောင်လအန်ဆန်းတို့ မိသားစုလေး ဒီထက်မက ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
0 Comments
13.10.2019 ရက်နေ့မှာ မြန်မာနိုင်ငံသား အောင်လအန်ဆိုင်း နဲ့ ဗီရာတို့ပွဲဟာ ဆိုရင်တော့ တစ်မ္ဘာလုံးအတိုင်းအတာနဲ့ တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ အောင်လရဲ့ ထိုးကွက် တိုက်ကွက်တွေကြားထဲမှာ ဗီရာတစ်ရောက် ရှုံးနိမ့်ခဲ့ရပါတယ်။ အောင်လ နိုင်ခဲ့ပါတယ်.ဗီရာ ဟာ အောင်လ ကို ဘယ်နေရာမှာမှ အနိုင်မရခဲ့ပါဘူး.(စိတ်ဓတ် သက်လုံ ဗျူ ဟာ ထောင်ချောက်)ပြီးတော့ ပတ်တံတောင်ကြောင့် ပွဲသိမ်းတာမဟုတ်ပါဘူး။
သူ့ရဲ့ ပြိုင်ဘက်ထင်မထားတဲ့ ညာဝိုက်လက်သီးနဲ့ ပွဲသိမ်းခဲ့တာပါ။ သာမန်ပြိုင်ဘက်ဆို ညာခြေကန်ချက်နဲ့တင် နှာနှပ်ယူရမှာပါ။ ဗီရာဟာ ဖိလစ်ပိုင် အမေရိကန်ကပြားတစ်ယောက်ဖြစ်ပါတယ်။ လက်ဝှေ့သမားတော်တော်များများ ထွက်တဲ့ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ အခုအခါမှာတော့ ပရိတ်သတ်ကြီး အပျင်းပြေ ဖိလစ်ပိုင်က LGBT တစ်ယောက် ဖြစ်တဲ့ sinonloresca ရဲ့ လက်ဝှေ့လေ့ကျင့်နေပုံလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ sinonloresca ဟာဆိုလည်း မြန်မာနိုင်ငံမှာ အချိန်တော်ကြာအောင် လာရောက်နေထိုင်ပီး မြန်မာနိုင်ငံကိုလည်း သိပ်ချစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သူ့ရဲ့ ပရဟိတလုပ်ဆောင်နေတာလေးတွေကိုလည်း ပရိတ်သတ်ကြီး မကြာခဏတွေ့ဖူးကြမယ်ထင်ပါတယ်ဗျာ။ ကဲ sinonloresca ရဲ့ ဗွီယိုဖိုင်လေးကို ကြည့်ပီးခွီးလိုက်ပါအုံးနော် ဟာသတစ်ချက်ဖြင့် ဘ၀အမောများ ပြေကြပါစေရှင်…. သူငယ်ချင်းများလည်း ပျော်ရအောင် မျှဝေပေးလိုက်ပါအုံး….. One Championship ရဲ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် ချန်ပီယံလုပွဲကြီးကတော့ ဂျပန်နိုင်ငံမှာ ခန့်ငြားထည်ဝါစွာနဲ့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ထူးထူးခြားခြား ဆိုသလို ဒီပွဲစဉ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ အခမဲ့ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့တာကြောင့်လည်း အနိုင်ရခဲ့သူ အောင်လအန်ဆန်နဲ့ တကွ မြန်မာနိုင်ငံရဲ့ ဂုဏ်သတင်းဟာ မွှေးပျံ့ကြိုင်သင်းနေတော့မှာ အမှန်ပါပဲ။ အနိုင်ရခဲ့သူ အောင်လအန်ဆန်ကတော့ ကမ္ဘာ့အလယ်မှာ MMA ဖိုက်တာ တစ်ယောက်အဖြစ် ကျော်ကြားအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။
သူ့ရဲ့ ဂုဏ်သတင်းကိုတော့ ကမ္ဘာ့မီဒီယာအသီးသီးက ဝိုင်းဝန်းရေးသားနေပြီးတော့ MMA သတင်းဌာနကြီး တစ်ခုဖြစ်တဲ့ BJPENN ကတော့ “ အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတစ်ပွဲမှာ အောင်လက ဗီရာ ရဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ အိပ်မက်တွေကို တားဆီးပြသွားတယ်” လို့ ထုတ်ဖော်ချီးကျူးရေးသားခဲ့ကြသလို ၊ South China Morning Post သတင်းစာ ကတော့ “ အောင်လ အန်ဆန်း ဟာ သူ့ရဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကို ထိန်းထားနိုင်ဖို့ အတွက် ဗီရာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း အနိုင်ယူပြသွားခဲ့တယ်” လို့ ရေးသားခဲ့ပြီး ၊ အောင်လ ကို ကွင်းထဲအထိ လာရောက် ဝန်းရံကြတဲ့ မြန်မာ ပရိသတ်တွေ နဲ့ ဒိုင်က ပွဲရပ်ပြီး အနိုင်ပေးလိုက်တဲ့ အခိုက်အတန့်မှာ သူတို့ရဲ့ အောင်ပွဲခံပုံဟာ အရမ်းကို မာန်ပါနေခဲ့တယ်လို့ အကျယ်တဝင့်ရေးသားဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဖီလစ်ပိုင် နာမည်ကြီး သတင်းဟာ PhilStar ကတော့ “ အောင်လ အန်ဆန်း ကို အရှုံးပေးလိုက်ရတဲ့ ဗီရာ” လို့ပဲ ခေါင်းစဉ်ခဲ့ပြီး ၊ အသေးစိတ်တော့ အကျယ်တဝင့် ဖော်ပြခဲ့ခြင်း မရှိကာ ၊ ဗီရာ ဟာ လိုက်ဟဲဗီးဝိတ် ဆု ရဖို့ အောင်လ ကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိဘူးလို့ပဲ ရေးသားဖော်ပြထားပြီးတော့ ၊ အာရှ MMA သတင်းဌာန ကတော့ အောင်လ ဟာ ပွဲစတာ နဲ့ ဗီရာကို စတင် ဖိအားပေးတိုက်ခိုက်တယ်လို့ ရေးသားပြီး ၊ ဗီရာဟာ အောင်လ ကို အလဲတိုက်ဖို့ သူ့ရဲ့ မွေထိုင်း တိုက်ကွက်တွေကို ရံဖန် ရံခါ သုံးလာခဲ့ပြီး ၊ ဒုတိယ အချီအရောက်မှာတော့ လှုပ်ရှားပုံက နှေးကွေးသွားခဲ့ကာ ၊ အောင်လ ရဲ့ တိကျတဲ့ ထိုးချက်တွေ အောက်မှာ အရှုံးပေးလိုက်ရတယ်လို့ ဖော်ပြရေးသားထားတာကို တွေ့ရှိရပါတယ်။ The Sun သတင်းစာ ကတော့ “မြန်မာ့ သူရဲကောင်း အောင်လ အန်ဆန်း ဟာ UFC မှာ တစ်ချိန်က ကျော်ကြားခဲ့ဖူးတဲ့ ဗီရာကို အနိုင်ယူပြလိုက်တယ်” လို့ ရေးသားခဲ့ပြီးတော့ ၊ အောင်လ အန်ဆန်ရဲ့ သတင်းတွေကို ဖော်ပြခဲ့တဲ့ သတင်းဌာနတွေကတော့ Yahoo Sports, ဗီယက်နမ် သတင်းစာတွေ ၊ Fox Sports, ရုရှား သတင်းတွေ ၊ MSN, SHERDOG, စကော့တလန် သတင်းဌာန ၊ B/R စတဲ့ သတင်းဌာနတွေပဲ ဖြစ်ပါတယ်။ |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|