Myanmar Latest Movie https://movie-myanmar.blogspot.com/
လက်ရှိအချိန်မှာ ပရိသတ်အများစုစိတ်ဝင်စားနေတဲ့ သီချင်းအဆိုပြိုင်ပွဲကတော့ Myanmar Idol ဖြစ်ပါတယ်။
Myanmar Idol ဟာအခုဆိုရင် Season 4 ကိုတောင်ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ပဏာမအသံစစ်ဆေးပွဲကျင်းပနေတာဖြစ်ပေမဲ့ ထူးချွန်လွန်းတဲ့ ပြိုင်ပွဲဝင်တွေကိုတွေ့နေရပြီဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကလည်းအမြင့်ဆုံးလို့ဆိုရမှာပါ။ ဒီတစ်နှစ်မှာတော့ ထူးခြားတဲ့ပြိုင်ပွဲဝင်တစ်ဦးကြောင့်ပရိသတ်အားပေးစောင့်ကြည့်မှုရတိုးလာပြန်ပါပြီ။ အဲ့ဒါကတော့ အနေနဲ့မြန်မာကိုယ်စားပြု ပြိုင်ပွဲဝင်ဖူးခဲ့တဲ့အလှမယ် ခြူးစစ်ဟန်ကတော့ Season 4 မှာပါဝင်ယှဉ်ပြိုင်လာတာကြောင့်ပါ။ခြူးစစ်ဟန်ကတော့ Miss Face of Beauty Myanmar 2015 ဖြစ်သလို မော်ဒယ်လ်၊မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် နာမည်ရပြီးသားလူတစ်ယောက်လို့ဆိုရမှာပါ။ သူကတော့ အိုင်းရင်းဇင်မာမြင့်ရဲ့ “ပြည်လှည့်မကြည့်ဘူး” သီချင်းနဲ့ဒိုင်တွေအရှေ့မှာအကောင်းဆုံးသီဆိုပြခဲ့ပြီး Golden Ticket ကိုရရှိခဲ့ပါတယ်။ ခြူးစစ်ဟန်ဟာ နာမည်ရပြီးသားလူတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်အခိုင်အမာရရှိပြီးသားလို့လည်းဆိုရမှာပါ။ ဒီပွဲကိုပါဝင်လာတာကြောင့် ဝေဖန်တဲ့သူတွေရှိသလို အားပေးတဲ့ပရိသတ်ကတော့ တော်တော်လေးကိုများပါတယ်။ အလှမယ်ခြူးစစ်ဟန်တစ်ယောက်ဟာ မော်ဒယ်၊မင်းသမီးတစ်ယောက်အနေနဲ့ပရိသတ်လက်ခံထားသလို အဆိုပိုင်းမှာပါရမီဘယ်လောက်ပါသလဲ ဘယ်ဆင့်အထိတက်လှမ်းနိုင်မလဲ ဆိုတာ တကယ့်ကိုရင်ခုန်စရာပါပဲနော်….။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|