Myanmar Latest Movie https://movie-myanmar.blogspot.com/
အိန္ဒြာကျော်ဇင် ၊ ၀တ်မှုံရွှေရည်နဲ့ ဖွေးဖွေး တို့ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ ထိပ်တန်းမင်းသမီး သုံး ယောက်ပါ။ သုံးယောက်လုံးက သရုပ်ဆောင်ပိုင်းမှာတင် မဟုတ်ပဲ ဖက်ရှင်ပိုင်းမှာပါ အရမ်းကို အမြင်ရှိတဲ့ မင်းသမီးတွေ အဖြစ် သတ်မှတ်ခံထားရသူပါ။
(၃)ယောက်ထဲမှာတော့ အူဝဲက ၀ါအရင့်ဆုံး မင်းသမီးပါ။ဖွေးဖွေး နဲ့ ၀တ်မှုံရွှေရည် ကတော့ ညီအစ်မ ၀မ်းကွဲတွေ ဖြစ်ပြီး လက်ရှိမှာလည်း Top နေရာကို ယူထားသူတွေပါ။သုံးယောက်လုံး ကလည်း အက ယ်ဒမီဆု ရှင် တွေ ပါ။ကိုယ်စီ ပရိသတ်အခိုင်အမာလည်း ရထားသူတွေပါ။ တကယ့်ဒိတ်ဒိတ်ကြဲ သုံးယောက်ကတော့ ပွဲ တစ်ခုမှာ အတူတူ ဆုံဖြစ်ခဲ့ပါတယ်။(၃)ယောက် အတူဆုံတာမျိုးက တော်တော် လေးကို ရှားပါတယ်။(၃)ယောက်အတူတူ ထိုင်ခုံတစ်တန်းမှာ ထိုင်ခဲ့ပြီး အူဝဲကတော့ ရှားရှားပါးပါးလူစုံ တုန်းလေး Live လွှင့် ခဲ့ပါတယ်။သုံးယောက်လုံးကလည်း တစ်ယောက် တမျိုးစီလှပနေ နေခဲ့ကြပါတယ်။အားတီရဲ့ FB မှာ တော့ လူစုံတက်စုံ အတူရိုက်ထားတဲ့ ပုံလေးကို ဝေမျှ ပေးထားပါတယ်။ Live ကတော့ လွှင့်ပြီး (၂)နာရီ အတွင်းမှာကြည့်ရှုသူ (84 K) အထိ တောင်ရှိခဲ့ပါတယ်။ မင်းသမီး(၃)ယောက်ထဲကမှ ဖွေးဖွေးနဲ့ အူဝဲ ရဲ့ ရုပ်ရှင်ကားတွေကတော့ ရုံတင်ပြသနေ ၊ပြသဖို့ ရှိပါတယ်။အူဝဲရဲ့ ရူးအောင် ချစ်မယ့်သူ ဇာတ်ကားကတော့ ရုံတင်ပြသနေပါတယ်။ဒီကားမှာတော့ အူဝဲ၊နေတိုးနဲ့ မေတိုးခိုင်တို့ ပါဝင်ထား ပါတယ်။ဖွေးဖွေးရဲ့ ရုပ်ရှင်ကား အနေနဲ့ဆို ရင်တော့ အောက်တိုဘာ (၁၀)ရက်နေ့ကျရင် ပပ၀တီစီရင်ခန်း ဆိုတဲ့ ရုပ်ရှင်ကား ရုံတင်ပြသဖို့ ရှိပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးပုံဖော်ထားပြီး ဖွေးဖွေး၊မိုးဟေကို၊ ထွန်းထွန်းနဲ့ အလင်းရောင်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|