Myanmar Latest Movie https://movie-myanmar.blogspot.com/
ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။
အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။လတ်တလောမှာတော့ နေခြည်ဦးက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို L’Oréal Paris group Executive Vice President (Asia Pacific Zone) – Jochen Zaumseil က Stylenanda ရဲ့ သုံးဆိုင်မြောက် Hongdae flagship opening ကိုတက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ နေခြည်ဦးက ကိုရီးယားရောက်ခိုက် အလုပ်ကိစ္စလည်းလုပ် Shopping လည်း ထွက်ရင်း ပျော်ရွှင်ဖွယ် အချိန်တွေကို ဖြတ်သန်းခဲ့ပါတယ်။ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ကိုရီးယားရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ နေခြည်ဦးက ဆိုးလ်မြို့ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်းနဲ့ ပေါ့ပါးလန်းဆန်းစွာ လျှောက်လည်နေတာ အားကျစရာကြီးပါပဲနော်။ ဒါ့အပြင် နေခြည်ဦးက 3CE model , Stylenada models တွေနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ နေခြည်ဦးကတော့ သူမဝါသနာပါတဲ့ အလုပ်တွေကိုလုပ်ရင်း ခရီးတွေ ခဏခဏသွားနေရတာ ပျော်စရာကြီးနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ ကိုရီးယားရောက် ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|