Myanmar Latest Movie https://movie-myanmar.blogspot.com/
ပရိသတ်တွေကြားမှာ အရမ်းကိုဟော့ဖြစ်ခဲ့တဲ့ သရဲကားတစ်ကားဖြစ်တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒုတိယပိုင်းကို ထပ်မံရိုက်ကူးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်နဲ့ ပထမကားမှာတုန်းက၀ှက်ထားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ရိုက်ကူးပုံဖော်မှာဖြစ်တယ်ဆိုတဲ့ အကြောင်းတစ်ချို့ကို ပြောပြသွားခဲ့ပါတယ်။ ဒါရိုက်တာ ချာချိုင် ပြောခဲ့တာကတော့ “ လိပ်ပြာစံအိမ်(၂) နဲ့ ပတ်သက်ပြီး အများကြီးတော့ပြောလို့မရဘူး ။ ဒီဇာတ်ကားရဲ့ အကြောင်းလေးက ဒီကာရိုက်တာ နှစ်ခု ဖြစ်တဲ့ ကိုဒေါင်းနဲ့ မကစ်တို့ရဲ့ ကာရိုက်တာနှစ်ခုကြားထဲမှာ ကျွန်မတို့ ဖျောက်ထားခဲ့တဲ့ လင့်လေးကို ချပြသွားမှာဖြစ်တယ် ။ကြောက်ဖို့ကောင်းတာလဲ ဖြစ်နိုင်သလို ပိုပြီးတော့ အသစ်ဆိုတာမျိုးလဲ ဖြစ်နိုင်တယ်။ ပိုပြီးကြောက်ဖို့ကောင်းတာတွေ စိတ်လှုပ်ရှားဖို့ကောင်းတာတွေ ၀မ်းနည်းဖို့ကောင်းတာတွေ ဖြစ်နိုင်တယ်” “ဇာတ်လမ်းကိုခုမှသေသေချာချာလေး တည်ဆောက်နေတုန်းဘဲ ရှိသေးတယ်။ ခဏလေးတော့စောင့်ပါအုံး။ ဒီဇာတ်လမ်းလေးက ခုစောင့်နေရင်းနဲ့ ပြောင်းသွားနိုင်တာလေးရှိတော့ ပြောလို့မရသေးပါဘူး။ ဒီဇာတ်ကားဆိုလဲ ပုံစံလေးက မပြီးသလိုလို ပြီးသလိုလို ပုံစံလေးနဲ့ ပြီးသွားတယ် ဆိုတော့ ဘ၀ကို ကြည့်မယ်ဆိုရင် ပြီးတယ်ဆိုတာမရှိဘဲ ဘ၀ကဆက်ပြီးသွားနေတယ် လုပ်စရာတွေ များနေတယ် ဘယ်တော့မှမပြီးဆုံးသွားဘူး” “ သေသွားတယ်ဆိုရင်တောင်မှ လိပ်ပြာတွေ ၀ိညာဉ်တွေကလဲ ဆက်ပြီးရှင်သန်နေရတာဘဲဆိုတဲ့ idea လေးကို သဘောကြတာကြောင့် အဲ့ဒီ Plan လေးနဲ့ဘဲသွားတာပါ။ နောက်နှစ်နှစ်လည် လောက်မှာရိုက်ကူးနိုင်မယ်။ လာလောဆ ယ်ဇာတ်လမ်းက အကြမ်းဘဲရှိတယ် ။ဒီအကြမ်းကိုလဲ ပြန်တည်ဆောက်ဖို့အတွက် လေ့လာမှုတွေ လုပ်ရဦးမယ်ဆိုတော့ အချိန်တွေထပ်ပြီး လိုအပ်သေးတယ်” လို့လဲ ပြောပြသွားခဲ့ပါတယ်။ https://movie-myanmar.blogspot.com/ Myanmar Movie
0 Comments
Leave a Reply. |
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|