လတ်တလော MRTV 4 ဇာတ်လမ်းတွဲမှာ ထုတ်လွှင့်ပြသနေတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကို အားလုံးကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။
“ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲက မြှုပ်ကွက်တွေ မြောက်များစွာနဲ့ ပရိသတ်တွေရဲ့ သိလိုစိတ်ကို နှိုးဆွထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲထဲမှ မေထက်ချိုအဖြစ် သရုပ်ဆောင်ထားတဲ့ မေမြင့်မိုရ်က သူမတို့ရဲ့ Royal Family ရဲ့ ခမ်းနားလှတဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာ Royal Family မိသားစုဝင်တွေအဖြစ် အကယ်ဒမီ လူမင်း၊ ထူးအောင်၊ အောင်ရဲထိုက်နဲ့ မေမြင့်မိုရ်တို့က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Royal Family က တစ်ယောက်တစ်မျိုးစီ ခမ်းနားတောက်ပြောင်နေတာပဲနော် “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကတော့ တစ်နေ့တစ်ခြား စိတ်ဝင်စားစရာကောင်းနေပြီပဲ ဖြစ်ပါတယ်။ Royal Family တွေ ဘယ်လို အရှုပ်အထုပ်တွေကြား ဖြတ်သန်းရဦးမလဲဆိုတာကိုပရိသတ်တွေက စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။
0 Comments
“နေခြည် တို့ နှစ်ယောက်ကို ဇာတ်လမ်းအရ လိုက်ဖက်တယ် ထင်လို့ ကမ်းလှမ်းရင်လည်း ရိုက်ဖို့ အဆင့်သင့်ပါ။
ရည်းစားဟောင်းတွေကို အမုန်းမရှိပါဘူး” လို့ ပြောလာတဲ့ သရုပ်ဆောင် နေခြည်ဦး ။ နေခြည်ဦးရဲ့ ရည်စားဟောင်းနဲ့ပါတ်သက်ပြီးတော့ ပြောလာတာလေးကတော့ စိတ်ထဲမှာလုံးဝ မရှိတော့ပါဘူးတဲ့ ဇာတ်ကားရိုက်ဖို့ လိုက်ဖက်တဲ့ ကာရိုက်တာအရ ကမ်းလှမ်းလာရင်တော့ ရိုက်ဖြစ်ပါမယ် ရည်စားဟောင်းနဲ့ ပါတ်သက်ရင် စိတ်ထဲ အမုန်းလည်း မရှိဘူး။ ဘာဆို ဘာမမရှိပါဘူး အေးဆေးပါတဲ့.. ပဒေသာ ပရိတ်သက်ကြီးအတွက် Video လေးမျှဝေပေးလိုက်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ နိုင်ငံခြားသားတစ်ဦးနဲ့ မေတ္တာမျှနေပြီးနောက်ပိုင်း အလှပုံတွေကို အသားပေး ပိုတင်လာပါတယ်။
|
Keng TongKeng Tong view and everything from Keng Tong my native town. Let us make a better place and keep all of us together from everywhere else of the world. Categories
All
Archives
October 2019
|